
အစ က တော့မရေးတော့ဘူးလားလို့ ခြေချုပ်ကော လက်ချုပ်ကော အကုန်မိနေတာနဲ့ မတင်တော့ဘူးလို့ စဉ်းစားလိုက်တာ ... မနေနိုင်လို့ ရေးမိပြန်ဘီ သည်းခံပြီးသာ ဖတ်ပေးကြနော် ....
၂၂.၁၂.၂၀၁၁
“ ရိပ်သာကို စောစောသွား ” လို့ Isle of Wight က နေ ရာဇသံ လှမ်းပေးလိုက်တဲ့ အန်တီ့ရဲ့ စကားကိုမလွန်ဆန်နိုင်တာကြောင့် ၂၂ ရက် ညနေ ၄ နာရီ ၅ နာရီလောက်မှာ မန်ချက်စတာ ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့ပါတယ်။ (အဖွင့် နိဒါန်း)
ရောက်တော့ ဝေယျာဝစ္စအန်တီကြီး (အန်တီတင်) ဆီမှာ ထမင်းတောင်းစားတယ် (သူတောင်းစားလို့ မထင်စေလိုပါ)
“ အန်တီ သမီး ဗိုက်ဆာ လို့ ”
ဆိုပြီးတော့ အန်တီကြီးကျွေးတဲ့ ထမင်းစားပြီးတော့ ကိုကိုဦးဇင်းနဲ့ တွေ့ရတယ်လေ (ကိုကိုက ဘုန်းကြီးဝတ်နေတာ သိမှာပါနော်)
ကိုကိုဦးဇင်းနဲ့စကားလေးဘာလေး ပြောပြီးတော့ အန်တီတင်က အခန်းထဲလိုက်ပို့ပြီးတော့
“ သမီး နားချင်နား တရားမှတ်ချင်လဲ မှတ် ” တဲ့
ခရီးကလဲ ပင်ပန်းလာတော့ ၈ နာရီလောက်ကနေ အပြန်အပြန်အလှန်လှန် အိပ်လိုက်တာ မနက် ၄ နာရီမှ ကုန်းရုန်းထ ပြီး တရားထထိုင်ဖြစ်တယ် ။ တရားစခန်းက ၂၄ မှ ဖွင့်မှာ လူတွေ သိပ်မရောက်သေးဘူးလေ ။ အာရုဏ်ဆွမ်း စား ပြီးတော့ ငိုက်တယ် ဆိုပြီး အိပ် သည်ပေါ့ (ခုချိန်ထိ တရားကို ကောင်းကောင်းမထိုင်သေးဘူး)
၂၄.၁၂.၂၀၁၁
လူတွေ တဖွဲဖွဲ ရောက်လာပြီ ဆိုတော့ ကိုယ်က နဲနဲလိမ်မာ ပြ ဖို့ လိုတာပေါ့နော့်... ဒီတော့ တရားလေး ဘာလေး ကောင်းကောင်းမှတ်ပြတာပေါ့ ..... မဟာစည် အခွဲ ခေါ်မလား ဘာခေါ်မလား မဟာစည် ဆိုတော့ မဟာစည် လုပ်နည်းပေါ့နော် တနာရီ စင်္ကြ လျှောက် တနာရီ တရားထိုင်ပေါ့ .... တရား ၁ နာရီ ထိုင်နိုင်ပေမယ့် (ကောင်းကောင်းထိုင်တဲ့အခါလဲ ထိုင်ပါတယ်) စင်္ကြ တော့ ၁ နာရီ အပြည့်မရဘူးရယ် ..... အများဆုံးရ နာရီဝက်ပဲ ဘာလို့မရလဲ သိလား တရား ၁ နာရီ ထိုင်ပြီးတော့ ပင်ပန်းတယ်ဆိုပြီး အခန်းထဲမှာ သွားလှဲနေတယ်လေ ဟိုလုပ် ဒီလုပ်ပေါ့
အစားအသောက် ကိစ ပြောပြမယ်
ပထမ တရက်က နေ့လည်စာ စားတော့ ဗိုက်တော့တင်းပါတယ်... ဒါနဲ့ ထပ်မထည့်ဖြစ်တော့ဘူး ညနေကျ ဗိုက်က ဆာရော ... ကိုယ်က တနာရီ တခါ Programme သွင်းထားသလား အောက်မေ့ရတယ် တနာရီ တခါ ဆာ တဲ့ဗိုက်လေ တခါစား နဲနဲ နဲ့ အကြိမ်ကြိမ်စားနေတဲ့လူများ ဒီတော့ တခါတည်းလဲ အများကြီး မသွင်းနိုင်ဘူးလေ .... ညနေကျ ဗိုက်ဆာတာပေါ့ .... ဒါနဲ့ ကိုကိုဦးဇင်း ပေးထားတဲ့ Coke ပုလင်းကြီးကို ဖွင့်ပြီး သောက်ရတာပေါ့
Coke ကိစ ပြောပြရဦးမယ် ကိုယ့်အခန်းက ၃ ယောက်ခန်းလေ ကိုယ့်အခန်းမှာ နိုင်ငံခြားသားအဖွားကြီး တယောက်ရှိတယ်.... ကိုယ်က တယောက်တည်း ကုတ်နေတော့ အဲအဲ ကုတ်သောက်နေတော့
“ အင်း... သူလဲ ဆာရှာမယ် သူက အသက်ကြီးပြီ ” ဆိုပြီး ကိုယ်သောက်တဲ့ ကုတ်ကို သူ့ကိုပါ တိုက်တယ်
အဖွားကြီးကလဲ “ ကျေးဇူးပါ” ပေါ့
အဲလို ၃ ရက်လောက်လဲ ဆက်တိုက် သူ့ကိုပါ တိုက်ပြီးရော နောက်နေ့ကျ
“ No coke ” ဆိုပြီး လက်ခါ ပြတယ်
သူ ချောင်းဆိုးနေလို့တဲ့ ဟားဟားးးးးးးးးးးးးးးး
ကိုယ်ကတော့ စေတနာနဲ့ သူကချောင်းဆိုးလို့တဲ့ အဲဒီနောက်ပိုင်း တဟွတ်ဟွတ်နဲ့ ချောင်းဆိုးတော့တာ အဖွားကြီး သနားပါတယ် ဟိဟိ ကိုယ့်ပရောဂ မကင်းဘူးရယ် ....
အော်... အစားအသောက်အကြောင်းပြောနေတာ
အစားသောက်တွေက ကောင်းပါတယ် ..... ကိုယ်က ထင်နေတာ
“ အန်တီ့အိမ် မပြန်ရတော့ ကောင်းကောင်း မစား ရတော့ဘူးလား ” ပေါ့ ဘယ်ဟုတ်မလဲ ဘုန်းကြီးကျောင်းက အစားအသောက်တွေက ပိုကောင်း (ရှူးတိုးတိုး အန်တီ မသိစေနဲ့)
ဘုန်းကြီးကျောင်းက ကျွေးတာ စားလိုက် တရားထိုင်တော့ ငိုက်လိုက် အိပ်လိုက်နဲ့လူလဲ ရိပ်သာက ထွက်တော့ ၂ ဆ ဖြစ်လာတယ်လေ ယုံတယ်မလား
၃၁.၁.၂၀၁၁ ကတော့ ကိုယ်တို့တွေ အလှူပေါ့ ... အန်တီက အာရုဏ်ရော နေ့ဆွမ်းကော ယူထားခဲ့တာလေ ... (အဲဒီ ဓာတ်ပုံတွေ facebook ပေါ်တင်မယ် ကင်မရာထဲမှာ ကွန်ပြူတာထဲ မရောက်သေးလို့) သိပ်တော့ မတင်ချင်ဘူး လူက ၂ ဆ လောက်ဖြစ်နေတော့ မလှလို့ (အစ က ကျ လှတာကျလို့)
ကဲ အကျဉ်းပဲပြောလိုက်တော့မယ်
၁.၁.၂၀၁၂ နေ့ကို ရောက်လာသည်ပေါ့ တရားမှတ်ရင်းနဲ့
အဲဒီနေ့က စုပေါင်းအလှူ ဆိုတော့ များလိုက်တဲ့လူတွေ ကိုယ်က လူများနေရင် မနေတတ်ဘူး လူတွေက များ ဟင်းတွေကလဲ များဆိုတော့ ဘာစားလို့စားရမယ်မှန်းတောင် မသိဘူးရယ် .... နေ့လည်စာစားပြီးတော့ ဘုန်းကြီးက တရားဟောတယ် ..... တချို့လူတွေကတော့ နေ့လည်စာ နေ့ဆွမ်းစားပြီး ထွက်တဲ့လူ ထွက်ပေါ့ နောက်ဆုံး ကိုယ်ရယ် အမ ကြီး ၅ ယောက်ရယ် ဦးဇင်းကိုကိုရယ်ပဲ ကျန်ခဲ့တော့တာပေါ့ ဒါနဲ့ ရိပ်သာကို သန့်ရှင်းရေးတွေလုပ် အမျိုးသား အိမ်သာ ရေချိုးခန်း အမျိုးသမီး အိမ်သာ ရေချိုးခန်း တရားထိုင်တဲ့နေရာတွေ ဖုန်စုန်စက်နဲ့ သန့်ရှင်း စ သည်ဖြင့်ပေါ့ ..... ကုသိုလ်လဲရတာပေါ့လေ ....... အဲဒီအချိန်မှာတော့ ကိုကိုဦးဇင်းက လူဝတ်လဲလိုက်ပြီ ဆိုတော့ ကိုယ်တို့ကိုလဲ ကူပေါ့လေ ...... နောက် ည ၈ နာရီလောက်ကျတော့ ဝေယျာဝစ္စလင်မယား ကို ကန်တော့ကြတယ် ဟုတ်တယ်လေ သူတို့ အကုန်လုံး စီစဉ်ပေးလို့ ကိုယ်တို့တွေ ကောင်းကောင်း အားထုတ်လို့ရတယ်လေ
“ ကျေးဇူးတင်ပါတယ် ” ဆိုပြီး ကန်တော့လိုက်ကြတယ်.... ပြီးတော့ နတ်ပင့် ဓမ္မစကြာ နဲ့ ပဌာန်း ရွတ်ပြီး နတ်ပြန်ပို့ အားလုံးပြီးတော့ အမျှဝေတယ်လေ .... ကိုယ်ကတော့ အမြဲပဲ ကိုယ့်ဖေဖေ ကို အမျှဝေပေးပါတယ် ....
ဒီလိုနဲ့ မနက်ကျတော့ အာရုဏ်ကို ကမန်းကတန်းစားကြတယ် ..... အန်တီတင်က အကုန်လုံးစီစဉ်ပေးထားတယ်လေ .... ပြီးတော့ မမတွေက မနက် ၆ နာရီ တက္ကစီခေါ်ထားပြီးတော့ ဘူတာကို ထွက်သွားကြလေရဲ့ ......
ကိုယ့် ticket က within 1 month အကျုံးဝင်တော့ ဘယ်အချိန် ပြန်ပြန် မှီရာရထား ကောက်စီးလို့ရတယ် ကိုကိုက ဝယ်ရမှာလေ ဒါနဲ့ကိုကိုက ညကတည်းက လက်မှတ်ကြည့်တော့ ၂၄ ပေါင်တန်ဆိုတာနဲ့ တန်လို့ဆိုပြီး လက်မှတ်ဖြတ်လိုက်တယ် ရထားက ၇ နာရီမှာ တက္ကစီကို ၆ ၁၅ ခေါ်ထားလိုက်ပေါ့ တက္ကစီက ရောက်မလာဘူး လိပ်စာ မှားနေလို့ဆိုပြီးတော့ ဒီတော့ ၇ နာရီ ရထား မမီတော့ဘူး နောက်တက္ကစီကို ဖုံးထပ်ဆက် ဘာနဲ့ညာနဲ့ ၂၄ ပေါင် ဆုံးပေါ့ ..... အဲဓီ အချိန် ရထားလက်မှတ်တွေ ကြည့်လိုက်တော့ ပေါင် ၆၀ တွေ ကျော်ကုန်ပြီ ဒါနဲ့ ကိုကိုက ကားနဲ့ပဲသွားတော့မယ် ဆိုပြီးပဲ လက်မှတ်ဖြတ်လိုက်တော့တယ် ကားနဲ့က ၃၆ ပေါင် ဒါပေမယ့် ၄ နာရီလောက်နဲ့ ရောက်ရမယ့် ခရီးကို ၈ နာရီလောက် စီးလိုက်ရတာပေါ့ ကိုကို သနားပါတယ် .....
ကိုယ်က ဖြောင်းဖြရတာပေါ့ “ အော် .... ကိုကိုရယ် လှူတယ်ပဲ သဘောထားလိုက်ပေါ့နော့် ” ဆိုပြီးတော့ ကိုယ်က ငွေတန်ဖိုးမသိလို့ မဟုတ်ပါဘူး သိပါတယ် ၂၄ ဆိုတော့ ခေါက်ဆွဲ ၅ ပွဲစားလို့ရတယ်လေ
ကိုယ် အိမ်ကို ပြန်ရောက်တဲ့အချိန်ထိ ကိုကိုက ကားပေါ်မှာ .....
အိမ်ကိုပြန်ရောက်တော့ အကြောင်းကြားသင့်တဲ့လူတွေဆီ ဖုံးဆက်ပေါ့လေ (အုပ်ထိန်းသူတွေကို ဆိုလိုတာ) ခရီးရောက်မဆိုက် ဆုံးမစကားအပြောခံလိုက်ရတော့ တော်တော့်တော့ အောင့်တယ် ..... (ဒကာမကြီး စိတ်လျှော့)
ကဲပါလေ စာလဲရှည်သွားပြီ .....
အဲဒါပါပဲ ပျော်ခဲ့ရပါတယ် ... ဓမ္မမိတ်ဆွေတွေနဲ့တွေ့ခဲ့ရတယ် သူတို့ facebook account တွေယူခဲ့တယ်ပေါ့.....
နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ
သဗ္ဗေသတ္တာ
အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တု
ဒုက္ခာ မုစ္စန္တု
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု
ကမ္မသကာ(အပိတ် နိဂုံး)
